Sound of the Desert (2014) (စ-ဆုံး)

 


ယခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ `ကန္တာရမုန်တိုင်း´ တရုတ်ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် ဒီဇာတ်လမ်းတွဲဟာ မင်းသားကြီး Hu Ge ရဲ့ အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ် ရှင်ယွဲ့ဟာဝံပုလွေတွေနဲ့အတူ ကန္တာရမှာကြီးပြင်းလာရသူပါ ကန္တာရမှာနေထိုင်ရင်း သူမဟာ
တစ်နေ့မှာ ခရီးသွားတဲ့အဖွဲ့တစ်ခုဆီကနေ အဝတ်အစားနဲ့ဆားတွေခိုးရာမှ သခင်လေး(၉) လို့ခေါ်တဲ့ မော့ရွှင်(Hu'Ge)နဲ့တွေ့ဆုံခဲ့ပါတယ်တိုက်ဆိုင်စွာပဲ နောက်ထပ်ခရီးသွားတဲ့အဖွဲ့တစ်ဖွဲ့ကို ဓားပြတွေလက်ကကူညီရင်း ဝေ့ဝူကျိ လို့ခေါ်တဲ့ ဝေ့စစ်သူကြီးနဲ့ထပ်မံတွေ့ဆုံကာ အဲဒီအဖွဲ့ကိုလမ်းပြပေးရင်း ရင်းနှီးခဲ့ကြတယ် ဒီလိုနဲ့အကြောင်းအမျိုးမျိုးကြောင့် ရှင်ယွဲ့ဟာ ကျင်အန်းမြို့တော်ဆီရောက်ခဲ့ပြီး ဝေ့သခင်လေးပေးခဲ့တဲ့ငွေတွေအကုန်သုံးမိရာက အကစံအိမ်တစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ရပါတယ်အဲ့နောက် သခင်လေး ၉ နဲ့ပြန်တွေ့ပြီး သခင်လေးရဲ့မြှောက်စားမှုကြောင့် အကစံအိမ်သခင်မဖြစ်လာခဲ့တယ် ရှင်ယွဲ့ဟာမော့ရွှင်ကိုနှစ်သက်မိရာက မော့ရွှင်ရဲ့လုပ်ငန်းတွေကိုကူညီဖို့ကြိုးစားနေတုန်း ဝေ့သခင်လေးနဲ့ပြန်လည်တွေ့ဆုံခဲ့ရာက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းစတင်ခဲ့ပါတယ် ရှင်ယွဲ့ဟာ လမင်းကြီးနဲ့ပန်းလေးများလို့ခေါ်တဲ့ပြဇာတ်တစ်ခုကို(ရည်ရွယ်ချက်ရှိရှိ)ဖျော်ဖြေရာက နန်းတော်အထိပေါက်ကြားကာ မင်းသမီးကြီးနဲ့တွေ့ဆုံဖို့ဖန်လာပါတယ်
ဒါဆို ရှင်ယွဲ့ဟာ ကျင်အန်းမြို့တော်ဆီလာပြီး နန်းတော်အတွင်းထိဝင်နိုင်အောင် ဘာကြောင့်ကြိုးစားတာလဲ ?
သခင်လေး(၉) ကရောသူမကိုဘာကြောင့်မြှောက်စားခဲ့တာလဲ ?
ပြီးတော့ သူမတစ်ဖက်သတ်နှစ်သက်နေတဲ့ သခင်လေး(၉) ခေါ်မော့ရွှင်ကသူမကိုပြန်ပြီးနှစ်သက်မလား ?
ချစ်တတ်လွန်းတဲ့ ဝေ့သခင်လေးကပဲ သူမအချစ်ကိုအနိုင်ရမလားဆိုတာကို
‌ကန္တာရမုန်တိုင်း ဇာတ်လမ်းတွဲမှာ ဆက်ပြီးကြည့်ရှုအားပေးနိုင်ပါပြီ

Credit : FIV Channel (တောင်းဆိုသူများသောကြောင့် Facebook တွင်လဲ Link ရှာမရတော့ သောကြောင့် Upload လုပ်ပေးခြင်းဖြစ်ပြီး FIV Channel အဖွဲသားအားလုံးကို Credit ပေးပါသည်။)





No comments:

Post a Comment